Frequently Asked Questions

Account Opening

Securities Trading Account ကို မည်သူမဆို ဖွင့်နိုင်ပါသလား

မြန်မာနိုင်ငံသားတိုင်း (Securities Companies ဝန်ထမ်းများမှအပ) Securities Trading Account ကိုဖွင့်နိုင်ပါသည်။ကုမ္ပဏီများအနေဖြင့်လည်း၎င်း၏ကုမ္ပဏီအမည်ဖြင့်စာရင်းဖွင့်လှစ်နိုင်ပါသည်။

Securities Trading Account ကို မည့်သည့်နေရာများတွင် ဖွင့်နိုင်ပါသနည်း။

uab securities limitedရုံးချုပ်တွင်ဖြစ်စေ၊ uab ဘဏ်ခွဲများတွင်ဖြစ်စေရုံးချိန်အတွင်းဆက်သွယ်မေးမြန်း၍ဖွင့်နိုင်ပါသည်။

Securities Trading Account ဖွင့်ရန်အတွက် မည်သည့်အချက်အလက်များ လိုအပ်ပါသနည်း။

တစ်ဦးချင်းစာရင်းဖွင့်ရန်အတွက်မှတ်ပုံတင်၊ Email Account နှင့်UAB ဘဏ်စာရင်းစာအုပ်လိုအပ်ပါသည်။ဘဏ်စာရင်းမရှိပါကSecurities Trading Account ဖွင့်စဉ်တွင်တစ်ပါတည်းဖွင့်နိုင်ပါသည်။အရောင်းအဝယ်နှင့်သက်ဆိုင်ရာသတင်းအချက်အလက်များပေးပို့ရာတွင်အလွယ်တကူဆက်သွယ်နိုင်ရန်အတွက် Email Account တစ်ခုရှိရန်လိုအပ်ပါသည်။Client Guideတွင်အသေးစိတ်ဖော်ပြထားပါသည်။

အခြားဘဏ်များမှ ငွေစာရင်းများကို လက်ခံပါသလား။

uab Bank Account များကိုသာ လက်ခံပါသည်။

Securities Trading Account ဖွင့်လှစ်ပြီးပါက မည့်သည့်အချက်အလက်များ လက်ခံရရှိမည်နည်း။

Securities Trading Account ဖွင့်လှစ်ပြီးပါက ဂဏန်း (၉) လုံးပါရှိသော ကိုယ်ပိုင်စာရင်းအမှတ် (Client ID)၊ Email Address၊ ဖုန်းနံပါတ်နှင့် ဘဏ်စာရင်းအမှတ် (၂) ခု ပါဝင်သော Welcome Letter နှင့် Online Trading အသုံးပြုရန်အတွက် လိုအပ်သော Password နှင့် အခြားအချက်အလက်များပါဝင်သော Email (၂) စောင်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ ဘဏ်စာရင်း တစ်ခုမှာ Personal Account အဖြစ်အသုံးပြုမည့် ငွေစုစာရင်း (သို့မဟုတ်) စာရင်းရှင်စာရင်း နှင့် Trading Account အဖြစ် အသုံးပြုမည့်စာရင်းတို့ဖြစ်ပါသည်။

Trading Bank Account နှင့် Personal Bank Account မည်သို့ကွာခြားပါသနည်း။

Trading Bank Account ကို Securities Trading Account ဖွင့်လှစ်သည့်အချိန်တွင် တစ်ပါတည်းဖွင့်ပေးခြင်းဖြစ်ပါသည်။ Trading Bank Account အတွက် အတိုးနှုန်း (၄) ရာခိုင်နှုန်း ရရှိမည်ဖြစ်ပါသည်။ ရှယ်ယာဝယ်ယူရန်အတွက် လိုအပ်သောငွေပမာဏကို Trading Bank Account ထဲသို့ ထည့်ပေးရမည်ဖြစ်ပါသည်။

ရှယ်ယာရောင်း၍ ရလာသည့် ငွေပမာဏကိုဖြစ်စေ၊ ရှယ်ယာဝယ်ပြီး ပိုသည့် ငွေပမာဏကို ဖြစ်စေ ပြန်လည်ထုတ်ယူလိုပါက Account ဖွင့်စဉ်ကဖော်ပြထားသည့် Personal Bank Account (Savings or Current Account) သို့သာ ပြန်လည်လွဲှပေးမည်ဖြစ်ပါသည်။ မည်သည့် uab Bank Account ကိုမဆို (Joint Account, Saving plan နှင့် Teenager Account များမှအပ) အသုံးပြုနိုင်ပါသည်။

Account ဖွင့်ရန်အတွက် အချိန်မည်မျှလိုအပ်ပါသနည်း။

Application Form တွင်ဖြည့်စွက်ပြီးနောက် Business day (၂) ရက် သို့မဟုတ် (၄၈) နာရီအတွင်းတွင် Account အား Register ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Welcome Letter Email ရရှိမည်ဖြစ်ပြီး  သက်ဆိုင်ရာ Dealer မှလည်း ဖုန်းဆက်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ ထို့နောက်တွင် ရှယ်ယာအရောင်းအဝယ် စတင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

FAQ

Trading

What is the limited trading amount of online trading?

Limited trading amount of one transaction though online services is no more than MMK 20 Million.

Dematerialization (Demat) ဆိုသည်မှာ အဘယ်နည်း။

ယခင်ဝယ်ယူထားသည့် အစုရှယ်ယာသက်သေခံလက်မှတ် (Physical Certificate) ကို အီလက်ထရောနစ်ပုံစံ (Electronic Form) ပြောင်း၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားရန်လိုအပ်ပါသည်။ ထိုသို့ Electronic form ပြောင်း၍ စာရင်းသွင်းခြင်းကို Demat လုပ်သည်ဟု ခေါ်ပါသည်။ သို့မှသာ ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Demat ပြုလုပ်ရန်အတွက် Physical Certificate ကို Securities Trading Account ဖွင့်စဉ်တွင် တစ်ပါတည်း အပ်နှံ၍ ဆောင်ရွက်နိုင်ပါသည်။ Electronic ပြောင်းရာတွင် Yangon Stock Exchange နဲ့ Listed companies တို့၏ လုပ်ဆောင်မှုပေါ်မူတည်ပြီး သုံးရက်မှ တစ်လအတွင်းကြာမြင့်မည်ဖြစ်သည်။

အစုရှယ်ယာဝယ်ယူရန်အတွက် မည်သို့လုပ်ဆောင်ရပါမည်နည်း။

အစုရှယ်ယာဝယ်ယူရန်အတွက် Trading Bank Account သို့ မိမိဝယ်ယူမည့် လုံလောက်သောပမာဏကို ထည့်သွင်းရမည်ဖြစ်ပါသည်။ uab i-Banking ကိုအသုံးပြု၍ဖြစ်စေ၊ နီးစပ်ရာ uab ဘဏ်ခွဲများသို့ သွားရောက်၍ဖြစ်စေ၊ uab bank နှင့်ချိတ်ဆက်ထားသော အခြားဘဏ်များမှ ငွေလွှဲ၍ဖြစ်စေ မိမိ၏ Trading Bank Account ထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။

Internet Banking အသုံးပြုပါက Bank Account နှင့် Trading Bank Account ချိတ်ဆက်ထားသည့်အတွက် အလွယ်တကူငွေလွဲှနိုင်မည်ဖြစ်ပါသည်

အရောင်းအဝယ်အမှာစာ မည်သို့တင်နိုင်သနည်း။

uab securities limited ရုံးချုပ်သို့လူကိုယ်တိုင်လာရောက်ပြီး Order Voucherတွင်ဖြည့်စွက်၍ဖြစ်စေ၊တယ်လီဖုန်းဖြင့်သက်ဆိုင်ရာ Dealer သို့ဆက်သွယ်၍ဖြစ်စေအရောင်းအဝယ်အမှာစာတင်နိုင်ပါသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် အရောင်းအဝယ်ပြုလုပ်သည့်အချိန်ကို ဖော်ပြပါ။

ရန်ကုန်စတော့အိပ်ချိန်းသည် နံနက် ၉း၃၀ တွင် ဈေးကွက်ဖွင့်၍ နေ့လည် ၁း၀၀ တွင် ဈေးကွက်ပိတ်ပါသည်။

တစ်နေ့လျှင် အရောင်းအဝယ် (Matching) ဘယ်နှစ်ကြိမ်ဖြစ်သနည်း။

Yangon Stock Exchange (YSX) မှ မနက် ၁၁း၀၀ နာရီတွင် တစ်ကြိမ်၊ နေ့လည် ၁း၀၀ တွင် တစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ် Matching ပြုလုပ်ပါသည်။ နောင်တွင် Matching Time ထပ်တိုးမည်ဟု YSX မှကြေညာထားပါသည်။

အရောင်းအဝယ်အမှာစာကို မည်သည့်အချိန်တွင် တင်နိုင်သနည်း။

အရောင်းအဝယ်အမှာစာများကို မနက် ၉း၀၀ မှ နေ့လည် ၁း၀၀ အထိ လက်ခံမည်ဖြစ်သည်။ နောက်ရက်အတွက် အကြိုအော်ဒါများကို ၁း၀၀ မှ ၄း၃၀ အထိ လက်ခံမည်ဖြစ်ပါသည်။

Market Order နှင့် Limited Order မည်သို့ကွာခြားပါသနည်း။

ရှယ်ယာတစ်စောင်၏ Matching Price သည် တစ်နေ့တာအတွင်း အမြင့်ဆုံးဈေးနှင့် အနိမ့်ဆုံးဈေးကြားတွင် ပြောင်းလဲနိုင်ပါသည်။

ဥပမာ - အဖွင့်ဈေး ၅၀၀၀ ကျပ်ရှိသော ရှယ်ယာသည် တစ်နေ့တာအတွင်း အမြင့်ဆုံး ၆၀၀၀ ကျပ်နှင့် အနိမ့်ဆုံး ၄၀၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်နိုင်ပါသည်။

Market order ဖြင့် အရောင်းအဝယ်အမှာစာတင်ခြင်းဆိုသည်မှာ ၄၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်အကြား မည်သည့်ဈေးဖြင့်မဆို ဝယ်ယူမည်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ (Market Order ဖြင့် အမှာစာတင်မည်ဆိုပါက သက်ဆိုင်ရာ Dealer မှ စုစုပေါင်းကျသင့်မည်ပမာဏကို  အဝယ်အမှာစာအတွက် အမြင့်ဆုံးဈေးနှင့်တွက်ပြီး အရောင်းအမှာစာအတွက် အနိမ့်ဆုံးဈေးနှင့် တွက်ပေးပါသည်။)

Limit order ဖြင့် အရောင်းအဝယ်အမှာစာ တင်ခြင်းဆိုသည်မှာ ၄၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်အကြား မိမိနှစ်သက်ရာဈေးနှုန်းတစ်ခုကို ကန့်သတ်၍ ဝယ်ယူခြင်း၊ ရောင်းချခြင်းဖြစ်ပါသည်။

Market Order တွင် မည်သည့် အားသာချက်နှင့် အားနည်းချက်များ ရှိသနည်း။

အားသာချက်

ရောင်းသူနှင့် ဝယ်သူအကြား ဝယ်လိုအားနှင့်ရောင်းလိုအားများ (Supply and Demand) ရှိသည့်အတွက် ရန်ကုန်စတော့အိတ်ချိန်း၏ System မှ Matching ပြုလုပ်သည့်အချိန် ဈေးကွက်မှာ Market order သည် ဦးစားပေး အရောင်းအဝယ်ဖြစ်မည်ဖြစ်ပါသည်။

အားနည်းချက်

ဈေးကြီးကြီးဖြင့် ဝယ်မိတတ်သလို ဈေးနည်းနည်းဖြင့်လည်း ရောင်းမိနိုင်ခြေများသည်။

Limit Order တွင် မည်သည့် အားသာချက်နှင့် အားနည်းချက်များ ရှိသနည်း။

အားသာချက်

မိမိဝယ်မည့်ဈေးနှင့်ရောင်းမည့်ဈေးကို အတိအကျကြိုတွက်ချက်နိုင်သည်။ Limit Order ဆိုသည်မှာ အများဆုံးဝယ်နိုင်သည့်ဈေးနှင့် အနည်းဆုံးရောင်းနိုင်မည့်ဈေးကို သတ်မှတ်ထားခြင်းဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် မိမိရောင်းလိုဝယ်လိုသည့်ဈေးထက် ပိုမိုကောင်းမွန်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်သည့် အခြေအနေရှိသည်။

အားနည်းချက်

အရောင်းအဝယ်ဖြစ်သည့်အချိန်တွင် Market order များအားလုံး အရောင်းအဝယ်ဖြစ်ပြီးမှ ကျန်သည့် လက်ကျန်အရေအတွက်ကို ရရှိခြင်းဖြစ်သောကြောင့် ရှယ်ယာအရောင်းအဝယ်ဖြစ်နိုင်ချေမှာ Market Order ထက် နည်းသည်။

ရှယ်ယာအရောင်းအဝယ်ပြုလုပ်ရန် မည်သည့်ကုန်ကျစရိတ်များ ရှိပါသနည်း။

ရှယ်ယာဝယ်ယူရာတွင် ရှယ်ယာကုန်ကျစရိတ်အပြင် အကျိုးဆောင်ခ (Brokerage Charges) နှင့် တံဆိပ်ခေါင်းခွန် (Stamp Duty) (ဝ.၁%) ထပ်ပေါင်းထည့်ရန် လိုပါသည်။

ရှယ်ယာရောင်းရန်အတွက် ရှယ်ယာရောင်းရသော ငွေပမာဏမှ အကျိုးဆောင်ခကို နှုတ်ယူမည်ဖြစ်ပါသည်။

အကျိုးဆောင်ခ နှင့် တံဆိပ်ခေါင်းခွန် သည် Securities and Exchange Commission of Myanmar (SECM) မှ သတ်မှတ်ထားခြင်းဖြစ်သောကြောင့် Securities Companies များ အားလုံးတွင် တသတ်မတ်တည်း အတူတူပင်ဖြစ်ပါသည်။

ရှယ်ယာအရောင်းအဝယ်အတွက် Matching မည်သို့ပြုလုပ်သနည်း။

Matching Price သည် ဈေးတစ်မျိုးတည်းဖြစ်ပြီး Price-Time Theory ဖြင့် Matching လုပ်ပါသည်။

အဝယ်ဖြစ်ပါက ဈေးအများဆုံးပေးဝယ်နိုင်သည့် Order သည် Priority အများဆုံးဖြစ်ပါသည်။ ဈေးတူသည့်အခြေအနေမျိုးတွင် Order တင်သည့်အချိန် စောသည့်အပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နိုင်ပါသည်။

အရောင်းဖြစ်ပါက ဈေးအနည်းဆုံးဖြင့်ရောင်းနိုင်သည့် Order သည် Priority အများဆုံးဖြစ်ပါသည်။ ဈေးတူသည့်အခြေအနေမျိုးတွင် Order တင်သည့်အချိန် စောသည့်အပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နိုင်ပါသည်။

အရောင်းအဝယ်ဖြစ်၊ မဖြစ် မည်သို့သိရှိနိုင်သနည်း။

မနက် ၁၁း၀၀ နာရီတွင်ဖြစ်စေ၊ နေ့လည် ၁း၀၀ တွင် ဖြစ်စေ အရောင်းအဝယ်ဖြစ်ပါက စာရင်းပိုင်ရှင်၏ Email သို့ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်၊ ဈေးနှုန်း၊ အရောင်းအဝယ်ဖြစ်သည့်အချိန်နှင့် အရောင်းအဝယ် အမှာစာအမျိုးအစားများပါဝင်သော Trade Confirmation Email ကို ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ပြီးလျှင် မည်သည့် အထောက်အထားစာရွက်စာတမ်း ရရှိမည်နည်း။

ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ပြီးသည့် ညနေ (၅) နာရီဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်သည့်နေ့ရက်၊ စာရင်းရှင်းလင်းမည့်နေ့ရက်၊ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်နှင့် ဈေးနှုန်း၊ အကျိုးဆောင်ခ၊ တံဆိပ်ခေါင်းခွန်ကျသင့်ငွေ စသည့် ကုန်ကျစရိတ်များအား အသေးစိတ်ဖော်ပြသော Contract Note Email ကိုလည်း ရရှိမည်ဖြစ်သည်။

Trading Bank Account မှ ငွေကို မည်သို့ ပြန်လည်ထုတ်ယူနိုင်သနည်း။

ရှယ်ယာရောင်း၍ ရလာသည့် ငွေပမာဏကိုဖြစ်စေ၊ ရှယ်ယာဝယ်ပြီး ပိုသည့် ငွေပမာဏကို ဖြစ်စေ ပြန်လည်ထုတ်ယူလိုပါက Withdrawal Form (ငွေထုတ်လွှာ) ကို ဖြည့်စွက်ပြီး ကိုဖြည့်စွက်ပြီး uab securities limited ရုံးချုပ် လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ [email protected] သို့ Email ဖြင့်သော်လည်းကောင်း၊  01-504 836သို့ Faxဖြင့်သော်လည်းကောင်းပေးပို့နိုင်ပါသည်။

ငွေထုတ်ခြင်းလုပ်ငန်းစဉ်ကို အရောင်းအဝယ်ပိတ်သိမ်းချိန်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး စာရင်းဖွင့်စဉ်ကဖော်ပြထားသည့် Personal Bank Account သို့ ထည့်သွင်းပေးမည်ဖြစ်သည်။ Personal Bank Account မှတဆင့် ATM စက်များ အသုံးပြု၍သော်လည်းကောင်း၊ နောက်တစ်နေ့ ဘဏ်ဖွင့်ချိန်တွင် ဘဏ်သို့သွားရောက်၍သော်လည်းကောင်း ငွေထုတ်ယူနိုင်ပါသည်။

ရှယ်ယာရောင်းသည့် ငွေကို ထုတ်ယူလိုပါက (T+3) စာရင်းရှင်းလင်းပြီးသည့်နေ့မှသာ ထုတ်ယူနိုင်မည် ဖြစ်သည်။

စာရင်းပိုင်ရှင်၏ အချက်အလက်များအား မည်သို့ ပြောင်းလဲနိုင်သနည်း။

စာရင်းပိုင်ရှင်အချက်အလက်များကို ပြောင်းလဲလိုပါက Amendment Request Form ကိုဖြည့်စွက်၍ လိုအပ်သော အထောက်အထားအချက်အလက်များနှင့်အတူ လျှောက်ထားနိုင်ပါသည်။

အခြား Securities Companies များတွင် ဖွင့်လှစ်ထားသောစာရင်းများမှ ရှယ်ယာများကို uab securities limited သို့ ပြောင်းရွှေ့နိုင်ပါသလား။

အခြား Securities Companies များတွင် ဖွင့်လှစ်ထားသောစာရင်းများမှ ရှယ်ယာများကို  uab securities limited သို့ ပြောင်းရွှေ့လိုပါက ၎င်းတို့၏ ရုံးများသို့ သွားရောက်၍ Share Transfer Form တွင် ဖြည့်စွက်ကာ ပြောင်းရွှေ့နိုင်ပါသည်။  uabsc တွင် Securities Trading Account ဖွင့်လှစ်ထားရန်လိုအပ်ပြီး uabsc Client ID အား Share Transfer Form တွင် ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။

ရန်ကုန်စတော့အိပ်ချိန်း၏ နေ့စဉ်ဈေးနှုန်းကန့်သတ်ချက်များကို ဖော်ပြပါ။

ကြမ်းခင်းဈေး (MMK)ဈေးနှုန်းကန့်သတ်ချက် (MMK)
မှအောက်
 ၁ ၀၀၀၁၀၀
၁ ၀၀၀၂ ၀၀၀၂၅၀
၂ ၀၀၀၄ ၀၀၀၅၀၀
၄ ၀၀၀၁၀ ၀၀၀၁ ၀၀၀
၁၀ ၀၀၀၂၀ ၀၀၀၂ ၅၀၀
၂၀ ၀၀၀၄၀ ၀၀၀၅ ၀၀၀
၄၀ ၀၀၀၁၀၀ ၀၀၀၁၀ ၀၀၀
၁၀၀ ၀၀၀၂၀၀ ၀၀၀၂၅ ၀၀၀

ရှယ်ယာများ၏ တစ်ချက်ခုန်ဈေးကို ဖော်ပြပါ။

အရောင်းအဝယ်ဈေးနှုန်း တစ်ချက်ခုန်ဈေး
မှအထိ
 ၁ ၀၀၀၁၀
၁ ၀၀၀၄ ၀၀၀၅၀
၄ ၀၀၀၁၀ ၀၀၀၁၀၀
၁၀ ၀၀၀၄၀ ၀၀၀၅၀၀
၄၀ ၀၀၀၁၀၀ ၀၀၀၁ ၀၀၀
၁၀၀ ၀၀၀၄၀၀ ၀၀၀၅ ၀၀၀
၄၀၀ ၀၀၀၁၀ ၀၀၀ ၀၀၀၁၀ ၀၀၀

ရှယ်ယာအရေအတွက်လက်ကျန်နှင့် ငွေလက်ကျန်ကို မည်သို့သိရှိနိုင်ပါသနည်း။

ရှယ်ယာအရေအတွက်လက်ကျန်ကို သိရှိလိုပါက Mobile Application မှဖြစ်စေ၊ Website မှဖြစ်စေ ဝင်ရောက်၍သော်လည်းကောင်း၊ uabsc ရုံးချုပ်သို့ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

လျှို့ဝှက်နံပါတ် (Password) မည်သို့ပြောင်းလဲရမည်နည်း။

လျှို့ဝှက်နံပါတ် (Password) ပြောင်းလဲလိုပါက Mobile Application မှဖြစ်စေ၊ Website မှဖြစ်စေ အောက်ပါလမ်းကြောင်းများအတိုင်းဝင်ရောက်၍ ပြောင်းလည်းနိုင်ပါသည်။

In MOB- Menu>Account>Change Password

In WEB-Menu>User Profile>Change Password

လျှို့ဝှက်နံပါတ် (Password) မေ့သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

လျှို့ဝှက်နံပါတ် (Password) မေ့သွားပါက Mobile Application မှဖြစ်စေ၊ Website မှဖြစ်စေ ဝင်ရောက်၍ Client ID, Email and Date of Birth များကို အသုံးပြု၍ အသစ်ပြန်လည်တောင်းခံနိုင်ပါသည်။